ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ်တစင်း စာသင်ကျောင်းပေါ် ပျက်ကျလို့ ၁၉ ဦး သေဆုံး၊ ၁၆၀ ကျော် ဒဏ်ရာရ
ဇူလိုင် ၂၁ ၊ ၂၀၂၅။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ လေတပ်လေ့ကျင့်ရေးလေယာဉ်တစင်း စာသင်ကျောင်းပေါ် ပျက်ကျမှုကြောင့် လူ ၁၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဥတာရာပြည်နယ် Milestone School and College ကျောင်းဝင်းထဲ လေယာဉ်ပျက်ကျသွားတာ ဖြစ်ပြီး နှစ်ထပ်အဆောက်အဦတစ်ခုကို ဝင်တိုက်မိခဲ့ပါတယ်။ လေတပ်ရဲ့ ထုတ်ပြန်ချက်အရ F-7 လေယာဉ်ဟာ မွန်းလွဲ ၁ နာရီကျော်က လေ့ကျင့်ရေးပျံသန်းနေစဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မှူးလည်း သေဆုံးသူတွေထဲမှာ ပါဝင်နေပါတယ်။
ကလေးနြဲလူကြီး ၅၀ ကျော် မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ရတယ်လို့ ဆရာဝန်တွေက ပြောပါ တယ်။ ဒီကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားတွေဟာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ဖြစ်ပါတယ်။
လေယာဉ်ဟာ အဆောက်အဦကို တိုက်ရိုက်ဝင်တိုက်တာလို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ အဲဒီနောက် ပေါက်ကွဲသံကြားပြီး မီးနဲ့မီးခိုးတွေ မြင်ရတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက မီးလောင်ပြာပုံတွေကြားထဲက အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။
ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ဘင်္ဂလားေဒ့ရှ်ယာယီအစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်ကပြောပါတယ်။ ဘဂ်လားဒေ့ရှ်အစိုးရက အင်္ဂါနေ့ကို ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာထားပြီး နိုင်ငံအလံတွေကို တဝက်သာလွှင့်ထူသွားမှာ ဖြစ်ပါတယ်။