ခရီးသည် ၂၄၂ ဦးတင်ဆောင်ထားတဲ့ လန်ဒန်လာမယ့် အိန္ဒိယလေယာဥ် ဂူဂျာရက်ပြည်နယ်မှာ ပျက်ကျ၊ လူအများအပြား သေဆုံးနိုင်ဖွယ်ရှိ
အိန္ဒိယအနောက်ဘက် ဂူဂျာရတ်ပြည်နယ်၊ အက်မဒါဘတ်မြို့ နိုင်ငံတကာလေဆိပ် ကနေ လန်ဒန်ကို သွားမယ့် အိန္ဒိယလေကြောင်းလိုင်း ဘိုးရင်း 787 လေယာဉ် တစင်း ပျံတက်ပြီး ခဏအတွင်းမှာပဲ ပျက်ကျ သွားခဲ့ ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၄၂ ဦး နဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါလာခဲ့ပြီး၊ လူအများအပြား သေဆုံးမည်ကို စိုးရိမ်ရကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁:၃၁ မှာ ပျံတက်ပြီး မိနစ်အနည်းငယ် အတွင်း လူနေထူထပ်တဲ့ နေရာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျမှုကြောင့် မီးခိုးလုံးတွေ ထွက်ပေါ်လာပြီး အက်မဒါဘတ် အရေးပေါ် ကားတွေ မီးသတ်ကားတွေ အလျင်အမြန် ကယ်ဆယ်ရေး ကို ဆောင်ရွက်နေပါတယ်။
သတင္းစံုပဲ့တင္သံgroup🇲🇲