တောင်ကိုရီးယား သမ္မတ ယွန်းက စစ်အုပ်ချုပ်ရေး ကြေညာ
ပါလီမန်နှင့် နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို ပိတ်ပင်သွားမည် ဖြစ်ပြီး မီဒီယာနှင့် သတင်းထုတ်ဝေသူများ သည် စစ်အုပ်ချုပ်ရေး အမိန့်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဟု တောင်ကိုရီးယား စစ်တပ် ၏ ပြောဆိုချက်ကို Yonhap သတင်းဌာနက ကိုးကား ဖော်ပြသည်။
အတိုက်အခံပါတီများသည် တိုင်းပြည်ကို အကျပ်အတည်းထဲသို့ တွန်းပို့ရန် ပြင်ဆင်နေပြီး ပါလီမန် လုပ်ငန်းစဉ်ကို အတိုက်အခံပါတီများက သိမ်းယူထား၍ လွတ်လပ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကာအကွယ်ပေးရေးအတွက် ယခု လုပ်ရပ်မှ လွဲ၍ ရွေးချယ်စရာမရှိဟု ယွန်း က ပြောကြားသည်။
#တောင်ကိုရီးယား #southkorea #military