Profile photo for အမွှေစိန်
အမွှေစိန်

အိန္ဒိယက ပါကစ္စတန်ရှိ ပစ်မှတ်များကို ဒုံးကျည်များနှင့် ပစ်ခတ်

မကြာသေးမီရက်ပိုင်းက ကတ်ရှ်မီးယား ဒေသမှာ အိန္ဒိယခရီးသွားအယောက်နှစ်ဆယ်ကျော်ကို အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ ယနေ့မနက်က ပစ်ခတ်ခဲ့ပါတယ်။

ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားပိုင်နက်ထဲက "အကြမ်းဖက်သမားတွေအထိုင်ချထားတဲ့" နေရာကိုးနေရာကို တိကျတဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ ပါကစ္စတန်စစ်တပ်ရဲ့ စခန်းတွေအဆောက်အဦတွေကို ပစ်ခတ်ခဲ့တာမဟုတ်ဘူးလို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အနည်းဆုံးလူသုံးဦးသေဆုံးပြီး ပါကစ္စတန်ကလည်း လက်တုံ့ပြန် ပစ်ခတ်မှုတွေ ပြန်လုပ်နေပြီ။

နှစ်ဖက်တင်းမာမှုတွေလျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီဂုတာရပ်စ်ကလည်း ယနေ့မနက်မှာပဲ တိုက်တွန်းထားပါတယ်....။


</div>